Sunday, August 4, 2024

အိမ်တွင်း မီးဖိုချောင်သုံး ငရုပ်သီးမိုးမျော်၊ ပန်းငရုပ် များကို ပန်းအိုးဖြင့်အလွယ်စိုက်နည်း

 အိမ်တွင်း မီးဖိုချောင်သုံး ငရုပ်သီးမိုးမျော်၊ ပန်းငရုပ် များကို ပန်းအိုးဖြင့်အလွယ်စိုက်နည်း


@@@@@@@@@@@@@@@@@@@@@@

       ငရုပ်သီးမိုးမျော် မျိုးပေါင်းများစွာရှိပါတယ်။

ထူးခြားမူ့က ဟင်းချက်ရာတွင်အသုံးပြုသော ကိုင်းငရုပ်များထက် အနံ့ အစပ်အရသာ ပိုပါတယ်။ 

ငရုပ်သီးမိုးမျော်ကို အသုပ်များ ငါးပိထောင်း အမျိုးမျိုး ငါးချဉ်အမျိုးမျိုး တို့တွင်တွဲဖက်ပြီးစားသုံးကြပါတယ်။

 ပန်းအိုးအတွင်းအလွယ်တကူ ရှင်သန် ဖြစ်ထွန်းပါတယ်။

အလွယ်ပျိုးထောင်နည်း

မိမိလိုချင်သော ငရုပ်သီး မိုးမျော်အရင့်မှန် အမှည့်(အမှည့်အသီးအစိုပါ) ၃တောင့်လောက်ကို ဒါးဖြင့် နှစ်ခြမ်း ခွဲလိုက်ပါ။

ပြီးလျင် သဘာဝမြေဆွေးထည့်ထားပြီးအသင့်ပြင်ထားသော ပန်းအိုးထဲ အစေ့များကို ဖြူးချလိုက်ပါ။

အပေါ်မှ မြေဆွေး အနည်းငယ် အစေ့မပေါ်ရုံ ဖုန်းအုပ်ပေးပါ။ မနက် ညနေ ရေလောင်းပေးပါ။

၅ရက်ခန့်ကြာလျှင်အရွက်ချွန်နှစ်ခွ ငရုပ်ပင်လေးတွေပေါက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ 

ငရုပ်အပင် အမြင့် ၃/၄/၅လက်မအရွယ်ရလျှင်

အသန်ဆုံးတစ်ပင်စီကို ပန်းအိုးတစ်လုံးခြင်းဖြင့် ခွဲပြီးစိုက်နိုင်ပါပြီး။ ခွဲစိုက်ပြီး အပင်စနိုးပြီး ဆိုတာနဲ့

NPK အချိုးကျပါဝင်သော ၁၅:၁၅:၁၅ ပါတ်လည်ဓါတ်ဩဇာ နို့ဆီဖူး တစ်လုံးခန့်ကို ရေတစ်လီတာဖြင့် ရောမွှေပါ။ ရလာသောဓါတ်မြေဩဇာအရည်ကို ပန်းအိုးတစ်လုံးလျှင် ဟင်းစားဇွန်း ၃ဇွန်းခန့် အပင်ရင်းနှင့် ၃/၄လက်မခန့်ခွာပြီးထည့်ပေးပါ။ရေအနည်းငယ်ထပ်လောင်းပေးလိုက်ပါ။

ပန်းအိုးအတွင်းမိုးမျော်ငရုပ်သီးများဖွေးနေအောင်

သီးနေပါလိမ့်မည်။ ၁၅/၂၀ရက် ကြာလျှင် အထက်ပါနည်းအတိုင်းဓါတ်မြေဩဇာအရည်ပြန်လည်ထဲ့ပေးလို့ရပါတယ်။

အဆင်ပြေကြပြီး ငရုပ်အလှအိုးများဖြစ်ထွန်းကါ

လှပနေကြပါစေ။

လေးစားစွာဖြင့်


မူရင်းဆရာအားcredit ပေးပါသည်။

29-7-24

No comments: